ရွှေဘို ဇန်နဝါရီ ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြို့နယ်အဆင့် ကဗျာ၊ စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းရွှေရတုခန်းမ၌ ကျင်းပခဲ့ကြောင်း သိရ သည်။
အဆိုပါပြိုင်ပွဲတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် "ညီနောင်လက်တွဲ ပြည်ထောင်စု ပွဲ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်တွင် "ပြည်ထောင်စုစိတ်ဓာတ်ဆိုသည်မှာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မူလတန်းအဆင့်တွင် "ပြည်ထောင်စုရင်သွေးရတနာများ"ခေါင်းစဥ်ဖြင့်လည်းကောင်း အထက်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "ညီနောင်လက်တွဲပြည်ထောင်စုပွဲ"၊ အလယ်တန်းအဆင့် ကဗျာပြိုင်ပွဲတွင် "တို့ပြည်ထောင်စု" ခေါင်းစဥ်များဖြင့် ရွှေဘို မြို့နယ်ကျောင်းပေါင်းစုံမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းသား/သူပေါင်း (၆၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲသို့ ခရိုင်/မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာ၊ ဆရာမများက ပါဝင်ယှဉ်ပြိုင်ကြသည့် ကျောင်းသား/သူများအား ကြည့်ရှုအားပေးခဲ့ပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားတွင် ဆုများချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်