တိုင်းဒေသကြီးအဆင့် မကျန်းမာသောမွေးကင်းစကလေးနှင့် ကလေးပေါင်းစည်းကုသခြင်းလုပ်ငန်း (အသက် (၂) လမှ (၅) နှစ်အထိ) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပဲခူး ဇန်နဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးရုံး၊ အစည်းအဝေးခန်းမ () ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီးအဆင့် မကျန်းမာသောမွေးကင်းစကလေးနှင့် ကလေးပေါင်းစည်းကုသခြင်းလုပ်ငန်း (အသက် () လမှ () နှစ်အထိ) ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။

 ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာသီဟက မြန်မာနိုင်ငံကျန်းမာရေးကဏ္ဍတွင် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများအနက်မှ () နှစ်အောက် ကလေးကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းသည် အရေးကြီးသောအခန်းကဏ္ဍဖြစ်ပြီး () နှစ်အောက် ကလေးသေဆုံးမှုနှုန်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာသည့် အဓိကအညွှန်းကိန်းများတွင်လည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ကလေးငယ်များတွင် ရောဂါတစ်ခုဖြစ်လျှင် တစ်ခုထက်ပို၍ ဖြစ်တတ်သောကြောင့် ဤသင်တန်းတွင် မကျန်းမာသောကလေးအား ရောဂါတစ်ခုချင်းအလိုက် ကုသမှုလမ်းညွှန်ထက် ကလေးတွင်ဖြစ်နေသော ကျန်းမာရေးပြဿနာအားလုံးကို ခြုံငုံမိသောကုသမှုလမ်းညွှန်ကို လေ့ကျင့်သင်ကြားပေးသွားမှာဖြစ်ကြောင်း အသက် () လမှ () နှစ်အတွင်း ကလေးငယ်များသည် ပြင်းထန်ရောဂါပိုးဝင်ရောက်ခံရပြီး ပြန်လည်နလန်မထပါက မသန်စွမ်းဖြစ်ပြီး သေဆုံးသည်အထိဖြစ်တတ်ကြောင်း၊ () နှစ်အောက် ကလေးများ ဆေးရုံဆေးခန်းရောက်လျှင် ခံစားနေရသော အဓိကရောဂါလက္ခဏာကိုသာ ပြောပြတတ်ကြ၍ အဆင့်မခွဲခြားနိုင်ပါက သေဆုံးမှုများနိုင်သောကြောင့် အဓိကအကြောင်းအရင်းအပြင် ဆက်နွယ်နေသော အကြောင်းအရင်းများကို သိရှိဖော်ထုတ်နိုင်ရန် မြို့နယ်အဆင့်ဆင့်ပွားသင်တန်းများကို ဆက်လက်သင်ကြားပို့ချသွားမှာဖြစ်ကြောင်း၊ Skill ကို အခြေခံသောသင်တန်းဖြစ်ခြင်းကြောင့် သင်တန်းဆရာများအနေဖြင့် Skill ကို သေသေချာချာသိရှိစေရန်နှင့် ပထမအကြိမ်လာပြခြင်းလား၊ ရက်ချိန်းလာပြခြင်းလားသိရှိရန် သင်ကြားပေးစေလိုကြောင်း၊ ယခုသင်တန်းသည် () နှစ်အောက် ကလေးသေဆုံးမှုနှုန်းကျဆင်းရေးအတွက် အဓိကအခန်းကဏ္ဍဖြစ်သော ကျန်းမာရေးဝန်ထမ်းများ Skill မြှင့်တင်ခြင်းအတွက် အထောက်အကူများစွာဖြစ်စေသောကြောင့် စူးစူးစိုက်စိုက် စိတ်ဝင်တစားသင်ယူကြရန် တိုက်တွန်းလိုကြောင်း အဖွင့်အမှာစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးသည် သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာကြသည့် ဒုတိယတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးများ၊ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ဦးစီးအရာရှိများ၊ ခရိုင်ပြည်သူ့ကျန်းမားရေးဦးဌာနမှူးများ၊ မြို့နယ်အသီးသီးမှ တက်ရောက်လာကြသည့် သင်တန်းသား/ သူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

အဆိုပါသင်တန်းအား ဇန်နဝါရီလ (၂၉) ရက်နေ့မှ ဖေဖော်ဝါရီလ () ရက်နေ့အထိ ဖွင့်လှစ်မည်ဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ ကျန်းမာရေးဝန်ထမ်းသင်တန်းသား /သူ (၄၂) ဦး တက်ရောက်သင်ကြားကြကြောင်း သတင်းရရှိသည်။

သက်ဖြိုးကြိုင် (ပြန်/ဆက်)