ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများဆောင်ရွက်

ဒလ ဇန်နဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် မီးဘေးအန္တရာယ်လျော့နည်းစေရန်နှင့် ပြည်သူများ၏ အသက်အိုးအိမ်များပျက်စီးဆုံးရှုံးမှုမရှိစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် အသံချဲ့စက်များဖြင့် အသိပညာပေးခြင်းများကို ယမန်နေ့ညနေ(၆)အချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ကားဖြင့်ရပ်ကွက်များသို့ လိုက်လံအသိပေးနှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ဝင်များနှင့်အရန်မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန်နှင့် နေအိမ်အဆောက်အအုံတိုင်းတွင် ခိုင်ခန့်သော မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ၊ ရေပုံးများ၊ မီးသတ်ဆေးဘူးများထားရှိရန်နှင့် မီးသုံးစွဲရာတွင်လည်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အစဥ်သတိပြုပြီး စနစ်တကျသုံးစွဲကြစေရေး အသိပညာပေးကြေညာခြင်းများဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဆက်လက်၍ ဒလမြို့နယ်အတွင်း ရပ်ကွက်၊ ကျေးရွာများ၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားများဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သတင်းရရှိသည်။

မြင့်ဇော်(ပြန်/ဆက်)