လက်ပံတန်း ဇန်နဝါရီ ၃၀
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကလေးငယ်များ ဆုံစို့၊ ကြက်ညှာကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီက အ.ထ.က (၁) တွင် ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာတင်ဇော်ဝင်း၏ ဦးဆောင်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများက အခြေခံပညာကျောင်းများရှိ အသက် (၅) နှစ်မှ(၇) နှစ်အတွင်း KG ကျောင်းသား၊ ကျောင်းသူများအား ဆုံစို့၊ ကြက်ညှာကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့များက တက်ရောက်အားပေးကာ လိုအပ်သည်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အပိုဆောင်းကာကွယ်ဆေးထိုးနှံခြင်းကို ဇန်နဝါရီ ၃၀ ရက်မှ ဖေဖော်ဝါရီ ၃ ရက်နေ့ထိ လက်ပံတန်းမြို့နယ်အတွင်း အခြေခံပညာကျောင်း (၂၀၇) ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၃၂၉၀) ဦးအား ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြို့နယ် (ပြန်/ဆက်)