ညောင်လေးပင်မြို့မူလွန်စံဖဲကျောင်း၌ အသက်(၇)နှစ်အောက် (KG)ကလေးငယ်များ ကျောင်းအခြေပြုဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်

ညောင်လေးပင် ဖေဖော်ဝါရီ ၁

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက အသက်(၇)နှစ်အောက်(KG)ကလေးငယ်များကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်(၁၀)နာရီက ညောင်လေးပင်မြို့မူလွန် စံဖဲကျောင်း၌ ကာကွယ်ဆေးထိုးနှံခြင်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံရာတွင် ကျန်းမာရေးမှူး ဦးစန်းထွန်းဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများ က အသက်(၇)နှစ်အောက်(KG)ကလေးငယ်များကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ကာကွယ်ဆေးအား ကျောင်းသူ/ကျောင်းသား(၄၄)ဦးအား ထိုးနှံပေးခဲ့ပြီး လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ် (ပြန်/ဆက်)