ကြံခင်း ဖေဖော်ဝါရီ ၂
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်တွင် မြို့တော် သန့်ရှင်းသာယာလှပစေရေး၊ အမှိုက်များစနစ်တကျ စွန့်ပစ်စေရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရန် အသိပညာပေး လက်ကမ်းစာစောင်များကို ယမန်နေ့နံနက်ပိုင်းက ကြံခင်းမြို့နယ်၊ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မဈေးတို့တွင် ဖြန့်ဝေပေးကြောင်း သိရသည်။
အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲဝင်များ၊ ရပ်/ကျေးအုပ်ချုပ်ရေးမှ တာဝန်ရှိသူများ ပူးပေါင်းပြီး ပလပ်စတစ် လျှော့ချသုံးစွဲရေး လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အများပြည်သူ ပူးပေါင်းပါဝင်သော အမှိုက်သိမ်းဆည်း စွန့်ပစ်ရေး လမ်းဘေးဝဲယာရှိ အမှိုက်ခြင်းများတွင် အမှိုက်များ စနစ်တကျစွန့်ပစ်ရေး၊ မော်တော်ယာဉ်များတွင် အမှိုက်ခြင်းထားရှိရေး၊ ဈေးဆိုင်များတွင် အမှိုက်ပုံးထားရှိရေး၊ စည်းကမ်းမဲ့အမှိုက်စွန့်ပစ်မှုမရှိစေရေး ၊ အမှိုက်ကင်းစင်ရေး အသိပညာပေး လက်ကမ်းစာစောင်များနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရမည့်အချက်များ၊ မီးလောင်လွယ်သော ပစ္စည်းများအား စနစ်တကျ သိမ်းဆည်းထားရှိရေး၊ လျှပ်စစ်ဝါယာလျှော့ဖြစ်ပွားနိုင်သည့်အချက်များ၊ မီးပေါ့ဆမှု မရှိစေရန်နှင့် ကြိုတင်ကာကွယ် ဆောင်ရွက်ရမည့် အချက်များပါဝင်သော မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို ပြည်သူများလက်ဝယ်သို့ ဖြန့်ဝေပေးကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)