သုံးခွ ဖေဖော်ဝါရီ ၂
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ်တွင် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ (အကြို) မြန်မာ့ရိုးရာထမနဲထိုးပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က ၂ ကျောင်းဝင်းအတွင်း ကျောင်းသား/ သူများက ယှဥ်ပြိုင်ကြကြောင်း သိရသည်။
အ.ထ.က (၂) ကျောင်းရှိ ကျောင်းသား/ သူများအား အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ ဗန္ဓုလ စသည့်အသင်း ၅ သင်းဖြင့် ပါဝင်ယှဥ်ပြိုင်ကြသည်။ ထမနဲထိုးပြိုင်ပွဲကျင်းပရခြင်းအပေါ် အ.ထ.က (၂) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဆွေဆွေဝင်းက ယခုလို ထမနဲထိုးပြိုင်ပွဲပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်က ၇၇ နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောင်းသား/ သူများ စည်းစည်းလုံးလုံး ညီညီညွှတ်ညွတ်ဖြင့် စုပေါင်းဆောင်ရွက်တတ်စေရန်၊ တစ်စုတစ်ဝေးထဲနေထိုင်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စိတ်ပျော်ရွှင်ချမ်းမြေ့စေရန်အတွက် ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
ထမနဲထိုးပြိုင်ပွဲအပြီးတွင် ဆုပေးပွဲကိုဆက်လက်ကျင်းပရာ ပထမဆု၊ ဒုတိယဆု တတိယဆု၊ နှစ်သိမ့်ဆုများရရှိသည့် အသင်းများအား ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ၊ ဆရာမများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
စည်သူလင်း (ပြန်/ဆက်)