မုဒုံ ဖေဖော်ဝါရီ ၂
မုဒုံမြို့၌ မတ်လ (၈) ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုအားဖြင့် ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မုဒုံမြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နွယ်နွယ်သန်းက အမှာစကားပြောကြားပြီး ၂၀၂၃ ခုနှစ်အတွင်း မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၏ လှုပ်ရှားမှုတွင် ထူးချွန်စွာဆောင်ရွက်ခဲ့သည့် အဖွဲ့ဝင်များကို ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကာ မော်လမြိုင်ခရိုင်အဆင့် အမျိုးသမီးရေးရာဆောင်ရွက်ချက်တွင် မုဒုံမြို့နယ် ပထမဆုရရှိခဲ့ခြင်း အပေါ် ရှင်းလင်းချက်များကို ပြောကြားသည်။
မုဒုံမြို့နယ် အမျိုးသမီးရေးရာအဖွဲ့အနေဖြင့် မြို့နယ်အတွင်း ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းလုပ်ငန်း၊ လူမှုရေးဆိုင်ရာစောင့်ရှောက်မှု၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ ယဥ်ကျေးမှု၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး စသည့်လုပ်ငန်းဆိုင်ရာများကို သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်း၍ ကူညီရေး ထောက်ပံ့ရေးလုပ်ငန်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အောင်မျိုးသူ(ပြန်/ဆက်)