(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ အုတ်တွင်းမြို့နယ်၌ စိုက်ထူ

အုတ်တွင်း ဖေဖော်ဝါရီ ၂

၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့ ပဲခူးလမ်းရပ်ကွက် ရန်ကုန်-မန္တလေး (ပုံမှန်) ကားလမ်းဘေး ဘုန်းတော်တိုး ဘုန်းတော်ပွင့်ဘုရားရှေ့နှင့် ကြက်သွန်ခင်း (၁) ရပ်ကွက် ရန်ကုန်-မန္တလေး (ပုံမှန်) ကားလမ်းဘေး ဗိုလ်ချုပ်ကြေးရုပ်ရှေ့တွင် ယနေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာ စိုက်ထူခဲ့ကြောင်း သိရသည်။

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြေစိုက်ပိုစတာစိုက်ထူရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူများ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ပြီး အဆိုပါ မြေစိုက်ပိုစတာတွင်ပြည်ထောင်စုဖွား တိုင်းရင်းသားပေါင်းစုံ၏ ချစ်ကြည်ရင်းနှီးမှုမှတ်တမ်းဓာတ်ပုံများနှင့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အမျိုးသားရေး ဦးတည်ချက်များ ပါဝင်ကြောင်း သိရသည်။

အေမင်းရည်စော (ပြန်/ဆက်)