ချောက်မြို့တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး မီးသတ်ရေတိုင်၊ ရေငုတ်များနှင့် ရေသိုလှောင်ကန်များအား ကွင်းဆင်းစစ်​ဆေး

ချောက် ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့တွင် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး မီးသတ်ရေတိုင်၊ ရေငုတ်များနှင့် ရေသိုလှောင်ကန်များအား ချောက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဌေးကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလွင်နှင့် အဖွဲ့ဝင်များက ယနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် ကွင်းဆင်းစစ်​ဆေး​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ချောက်မြို့အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရေရရှိနိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးသိန်းဌေးက ရေသိုလှောင်ကန်များ၏ သိုလှောင်ထားရှိမှု အခြေအနေများအားလည်းကောင်း၊  မြို့နယ်မီးသတ်တပ်ဖွဲ့ဦးစီးမှူး ဦးသိန်းဇော်ဝင်းက မီးသတ်ရေတိုင်နှင့် ရေငုတ်များမှ မီးသတ်နိုင်ရေးနှင့် ရေရရှိနိုင်မှု အခြေအနေများအား လည်းကောင်း လုပ်ငန်းဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့​ပြီး မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အလေးထား ဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားကာ မီးသတ်ရေတိုင်နှင့် ရေငုတ်များ ကောင်းမွန်မှု ရှိ/မရှိ စစ်​ဆေး​ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)