သတင်းများ

ကျောင်းကုန်းမြို့နယ် အ.မ.က ဒေါင့်ကွေးကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Feb 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ ဒေါင့်ကွေး ကျေးရွာအခြေခံပညာမူလတန်းကျောင်း၌ ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၁၀ နာရီအချိန်ခန့်က  အဆိုပါကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ
Feb 04,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံလမ်းညွှန်ချက်ဖြင့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီအချိန်က အထကကျောင်း စုံညီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။
နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေအစီအစဉ်ဖြင့် ဆောင်ရွက်လျက်ရှိသည့် ဆောင်းသီးနှံများနှင့် ဆက်လက်စိုက်ပျိုးမည့်နွေသီးနှံများအောင်မြင်ရေးတွေ့ဆုံဆွေးနွေး
Feb 04,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်က မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းသည် ကျောက်ဆည်၊ စဉ့်ကိုင်၊ မြစ်သားမြို့နယ်များနှင့်တံတားဦး မြို့နယ်များတွင် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေအစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော ဆောင်းဆီထွက်သီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ နေကြာ သီးနှံများ အထွက်နှုန်းတိုးတက်စေရေး အလေးထား ကွင်းဆင်းဆောင်ရွက်ကြရန်၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုးရေးအတွက် သီးနှံစိုက်ဧကများပြည့်မီရေးနှင့် တစ်ဧကအထွက်နှုန်းတိုးတက်စေရေး နည်းလမ်းများကို ခရိုင်ဦးစီးမှူး၊ မြို့နယ်ဦးစီးမှူးများနှင့် ဝန်ထမ်းများနှင့်တွေ့ဆုံဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် အထပ်မြင့်အ‌ဆောက်အဦများ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး
Feb 04,2024
တိုးတက်လာသောခေတ်စနစ်နှင့်အညီ   လူတို့၏နေထိုင်မှုစနစ်သည်လည်း တိုးတက်လာကာ  အထပ်မြင့်အဆောက်အဦများကို တိုးချဲ့တည်ဆောက်လျက်ရှိရာ  တည်ဆောက်ထားသော အထပ်မြင့်အဆောက်အဦများ မီးဘေးလုံခြုံရေးအတွက်  အရေးပေါ်လွတ်မြောက်မှုဆိုင်ရာ ဆောင်ရွက်ထားခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်မီးသတ်ဦးစီးဌာန မြို့နယ်မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးမြင့်သူ ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက် ၁၀နာရီ ၃၀မိနစ်မှ ၁၂နာရီထိ ကွင်းဆင်းစစ်ဆေးကြောင်း သိရသည်။
သာကေတမြို့နယ်တွင် အခြေခံရိုးရာခြင်းသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ
Feb 04,2024
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်ရိုးရာခြင်းဆပ်ကော်မတီတို့ပူးပေါင်း၍ ဖွင့်လှစ်သည့် အခြေခံရိုးရာခြင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်(၁၀:၀၀)နာရီ၌ အမှတ်(၃၉)အခြေခံပညာမူလတန်းကျောင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့်အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးမင်းဆွေဦး အရှေ့ပိုင်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးရဲကျော်သူနှင့် တာဝန်ရှိသူများက တက်ရောက်ခဲ့ကြသည်။
မြောက်ဥက္ကလာပမြို့နယ် အ.လ.က(၅)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 04,2024
ယနေ့ခေတ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀နာရီက  အ.လ.က(၅)ကျောင်းတွင် ကျင်းပခဲ့သည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူများထည့်ဝင်‌ငွေတို့ဖြင့် သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာ၌ ရေတွင်းအနက်ပေ(၂၅၀)၊‌ ရေစက်ရုံဆောက်လုပ်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး
Feb 04,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ရေတွင်းအနက်ပေ(၂၅၀)၊ ‌ရေစက်ရုံဆောက်လုပ်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ ယမန်နေ့ညနေ ၃ နာရီ အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် (တတိယအကြိမ်) မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ ပြိုင်ပွဲကျင်းပ
Feb 04,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှကြီးမှူး၍ တိုင်းဒေသကြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ကျင်းပသော တတိယအကြိမ် မြန်မာ့နွားသိုးမျိုးအလှ၊ နို့စားနွား၊ အသားတိုးနွားနှင့် ဆိတ်မျိုးအလှပြပွဲ၊ ပြိုင်ပွဲကို ယမန်နေ့နံနက်ပိုင်းက မင်္ဂလာဒုံမြို့နယ်၊ ပျဉ်းမပင် ဝက်မွေးမြူရေးခြံရှေ့ ကွင်းပြင်တွင် ကျင်းပခဲ့သည်။