မင်းဘူးမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံး ပန်းချီ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည်ပြိုင်ပွဲများကျင်းပ

မင်းဘူး ဖေဖော်ဝါရီ ၃

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့ အမှတ် (၂) အထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် စာစီစာကုံး၊  ပန်းချီ၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ  ပြိုင်ပွဲတွင်  မြို့နယ်ပညာရေးမှူး ဒေါ်သွယ်သွယ်နှင့် ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်၍ မူလတန်းအဆင့်၊ အလယ်တန်းအဆင့်၊ အထက်တန်းအဆင့်များတွင် စာစီစာကုံးနှင့် ပန်းချီ နှစ်မျိုးစလုံးအတွက် ဗလငါးတန်ဖြည့်စည်းလို့ ပြည်ထောင်စုအနှစ်သာရကို ထိန်းသိမ်းစို့ ခေါင်းစဉ်များဖြင့် ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြကာ အင်္ဂလိပ်စာနှင့် သင်္ချာစွမ်းရည် ပြိုင်ပွဲများလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး  ပထမဆု၊ ဒုတိယဆု၊ တတိယဆုရ ကျောင်းသား၊ ကျောင်းသူများအား (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အခမ်းအနားတွင် ဆုများအသီးသီး ပေးအပ်ချီးမြှင့် သွားမည်ဖြစ်ကြောင်း သိရသည်။

ဇေယျာထက်(မင်းဘူး)