ချောက် ဖေဖော်ဝါရီ ၃
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် အုံမြားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ဌာနဆိုင်ရာများ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲကိုယမန် နေ့နံနက် (၁၀) နာရီအချိန်က ကျင်းပခဲ့သည်။
ရှေးဦးစွာ အုံမြားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန် ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သိမ့်ဝါက “စာရိတ္တမဏ္ဍိုင်ကြံ့ခိုင်ပါစေ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊လက်ထောက်ညွှန်ကြားရေးမှူး ဦးစောမြဖောင်းက "သဘာဝဘေးအန္တရာယ်အကြောင်း သိကောင်းစရာ" ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက “စားသုံးသူအခွင့်အရေးဆိုင်ရာအသိပညာပေး” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်ဆုဆုဇင်က "ရာသီဥတုပြောင်းလဲမှုနှင့်လူနေမှုဘဝ" ခေါင်းစဉ်ဖြင့်လည်းကောင်းအသီးသီး ဟောပြောခဲ့ကြပြီးသက်ဆိုင်ရာ ဌာနအလိုက် အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မူလတန်းအဆင့် ကျောင်းသား /သူလေးများအား မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများကပုံပြင်ပြောပြခြင်း၊ ဥာဏ်စမ်းအ မေး/ အဖြေမေးမြန်းခြင်းများနှင့် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဝန်ထမ်းများက သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သိကောင်းစရာများကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် အုံမြားကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း (ခွဲ) ကျောင်းအုပ်ဆရာမကြီး ဒေါ်ဌေးဌေးဝင်း နှင့်ဆရာ၊ ဆရာမ၊ ကျောင်းသား/ သူစုစုပေါင်း (၂၀၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်မိုး (ပြန်/ဆက်)