မြင်းခြံမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မြင်းခြံ ဖေဖေါ်ဝါရီ ၃

မြင်းခြံခရိုင်၊ မြင်းခြံမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်အတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးအရာရှိနှင့် အဖွဲ့ဝင်များက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးအောင်ကိုသန့်နှင့် သန္ဓေမီးသတ်အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ပါဝင်သောအဖွဲ့သည် အမှတ် (၅) ရပ်ကွက်အတွင်း မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်း၊ အသိပညာပေးခြင်းများ၊ မီးဘေးကာကွယ်ရေးသီချင်းများဖြင့် လှည့်လည်ဆော်ဩခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)