ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးရန်ပုံငွေနှင့် ပြည်သူများထည့်ဝင်‌ငွေတို့ဖြင့် သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာ၌ ရေတွင်းအနက်ပေ(၂၅၀)၊‌ ရေစက်ရုံဆောက်လုပ်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ ကြည့်ရှုစစ်ဆေး

သာပေါင်း ဖေဖော်ဝါရီ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ရေတွင်းအနက်ပေ(၂၅၀)၊ ‌ရေစက်ရုံဆောက်လုပ်ပြီးစီးမှုအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီမှ ယမန်နေ့ညနေ ၃ နာရီ အချိန်က လုပ်ငန်းခွင်သို့ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှ င့်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဇော်နိုင်တို့က တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် မြို့နယ်အတွက်ရန်ပုံငွေ သိန်း(၉၀၀)မှ (၁၅၀)သိန်းနှင့် ပြည်သူများထည့်ဝင်‌ငွေတို့ဖြင့် ဘုရားကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာ၌ ရေတွင်းအနက်ပေ(၂၅၀)၊‌ ရေစက်ရုံဆောက်လုပ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးပြီး မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ အရည်အသွေးပြည့်မီရေး၊ သတ်မှတ်ကာလပြီးစီးရေးတို့နှင့် လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)