(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ

မော်လိုက် ဖေဖော်ဝါရီ ၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီမံလမ်းညွှန်ချက်ဖြင့် (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ အထိမ်းအမှတ် ခရိုင်အဆင့် ကဗျာရွတ်ဆို ပြိုင်ပွဲနှင့်ကျပန်းစကားပြောပြိုင်ပွဲများကို ယမန်နေ့နံနက် (၉)နာရီအချိန်က အထကကျောင်း စုံညီခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝဏ္ဏထွန်းနှင့်အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်အားပေးခဲ့ကြသည်။

ရှေးဦးစွာ မူလတန်းအဆင့်ကျောင်းပေါင်းစုံ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အထက်တန်း(အဆင့်) ကျပန်းစကားပြောပြိုင်ပွဲတွင် (၁၂)ဦးပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ (၇၇)နှစ် မြောက်ပြည်ထာင်စုနေ့တွင် ပြေးခုန်ပစ်ပြိုင်ပွဲ၊ ပျော်ပွဲရွှင်ပွဲများ၊ ရိုးရာအားကစားပြိုင်ပွဲများကို ပြည်သူ့အားကစားကွင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)