သတင်းများ

သရက်မြို့၌ မွေးကင်းစမှ အသက် (၁) နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေး
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ မွေးကင်းစမှ အသက် (၁) နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီက ပြည်တော်အေးရပ်ကွက် ဆင်ဖြူတော်ဘုရားကြီး ဓမ္မာရုံတွင် မြို့ပေါ် (၈) ရပ်ကွက်မှ မွေးကင်းစမှ အသက် (၁) နှစ်ခွဲထိ ကလေးငယ်များကို ပုံမှန်ကာကွယ်ဆေး ထိုးနှံပေးလျက်ရှိသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲ ကျင်းပ
Feb 05,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်တွင် အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့မွန်းလွဲ ၁၃ နာရီက အင်းထိပ်ဦး-ကျီးကိုင်လမ်း၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံကွင်းဆင်းစစ်ဆေး
Feb 05,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ စက်သုံးဆီအရောင်းဆိုင်များအား မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်မီးသတ်ဦးစီးဌာနတို့မှ ယမန်နေ့မွန်းလွဲပိုင်းက လိုက်လံကွင်းဆင်း စစ်ဆေးခဲ့ကြသည်။
သာယာဝတီမြို့တွင် ဘုန်းကြီးကျောင်းများ၌ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်
Feb 05,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဘုန်းကြီးကျောင်းများ၌ ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
၂၀၂၄ ခုနှစ် ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ကျင်းပ
Feb 05,2024
၂၀၂၄ ခုနှစ် ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲကို ပြည်မြို့ မြို့နယ်ဘောလုံးကွင်း၌ ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း ရွှေတောင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေး
Feb 05,2024
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက ရွှေတောင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ကျိန္တလီမြို့၌ တပိုင်တနိုင်ပြောင်းဖူးပင်များ စိုက်ပျိုး၍ တောင်သူလယ်သမားများ မိသားစုအပိုဝင်ငွေရရှိ
Feb 05,2024
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး ပြောင်းဖူးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းကာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။
သဲကုန်း​မြို့နယ်၌ အသက် (၁) နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းများ ဆောင်ရွက်
Feb 05,2024
ပဲခူးတိုင်း​ဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်း ကလေးသူငယ်များအား ရောဂါဘယကင်းဝေးပြီး ကျန်းမာသန်စွမ်းသည့် လူ့စွမ်းအားအရင်းအမြစ်များအဖြစ် ပေါ်ထွန်းလာစေရေးအတွက် သဲကုန်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် မြို့နယ်ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများက သဲကုန်းမြို့ပေါ်ရပ်ကွက်များ၊ မြို့နယ်အတွင်းရှိ ကိုယ်ဝန်​ဆောင်မိခင်များအား ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ သဲကုန်းမြို့နယ် မိခင်နှင့် က​လေးကျန်းမာ​ရေးဌာနတွင် အသက် (၁) နှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊​​ ဆေးတိုက်​ခြင်းလုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။