ကျိန္တလီမြို့၌ တပိုင်တနိုင်ပြောင်းဖူးပင်များ စိုက်ပျိုး၍ တောင်သူလယ်သမားများ မိသားစုအပိုဝင်ငွေရရှိ

ကျိန္တလီ ဖေဖော်ဝါရီ ၅

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့တွင် ဒေသခံတောင်သူများက မြေအောက်ရေကို အကျိုးရှိစွာ အသုံးချပြီး ပြောင်းဖူးပင်များ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရာတွင် အောင်မြင်ဖြစ်ထွန်းကာ မိသားစုစားဝတ်နေရေးအတွက် အပိုဝင်ငွေရရှိကြောင်း ဒေသခံတောင်သူများထံမှ သိရှိရသည်။

ကျိန္တလီမြို့၌ တောင်သူလယ်သမားများသည် မိသားစုတစ်ပိုင်တစ်နိုင်စီးပွာရေးလုပ်ငန်းအဖြစ် စိုက်ပျိုးရေးလုပ်ငန်းများကို အဓိကလုပ်ကိုင်လျက်ရှိရာ နှစ်ရှည်သီးနှံပင်များနှင့် ရာသီပေါ်ဟင်းသီး ဟင်းရွက်များကိုလည်း စိုက်ပျိုးကြရာ ဒေသခံတောင်သူများသည် သီးနှံဝင်ငွေတိုးပွားရေးအတွက် ပြောင်းဖူးပင်များကို (နွေ၊ မိုး၊ ဆောင်း) တစ်နှစ်ပတ်လုံး စိုက်ပျိုးကြပြီး အဓိကစိုက်ပျိုးသည့် ပြောင်းဖူးပင်မျိုးမှာ ရိုးရိုးသကြားပြောင်းမျိုးနှင့် အရပ်ခေါ် ပန်ပြောင်းမျိုးတို့ကို စိုက်ပျိုးကြောင်း သိရသည်။

ယခုနှစ်တွင် ပြောင်းဖူးတစ်ဖူးလျှင် ငွေကျပ်(၅၀ဝိ/-) မှ (၆၀ဝိ/-) ကျပ်အထိရရှိပြီး ဖောက်သည်စျေးမှာ တစ်ဖူးလျှင် (၄၀ဝိ/-) ကျပ်နှုန်းဖြင့် ရောင်းချနေရပြီး ယခင်နှစ်များထက် စျေးကောင်းရရှိကာ မိသားစုဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေသည်ဟု ပြောင်းဖူးစိုက်ပျိုးသည့် ဒေသခံတောင်သူတစ်ဦးထံမှ သိရှိရပါသည်။

ထက်မြက်