သတင်းများ

ပြင်ဦးလွင်မြို့တွင် ကျေးလက်ဒေသ စက်ဘီးစီး ခရီးစဉ် ၂၀၂၄ ဖွင့်ပွဲ ကျင်းပ  
Feb 05,2024
မန္တလေးတိုင်းဒေသကြီးအတွင်း ခရီးသွားလုပ်ငန်းများပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး၊ ခရီးစဉ်ဒေသများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိရာ ကျေးလက်ဒေသများ၏ စိတ်ဝင်စားဖွယ် ရိုးရာယဉ်ကျေးမှု ဓလေ့စရိုက်များ၊ ပတ်ဝန်းကျင်ရေမြေတောတောင် သဘာဝရှုခင်းများတွင် အပန်းဖြေလေ့လာခြင်းများကို ခရီးသွားများ ပိုမိုစိတ်ဝင်တစား လာရောက်လည်ပတ်စေရန်အတွက် ခရီးသွားလုပ်ငန်း မြှင့်တင်ရေးလှုပ်ရှားမှုတစ်ရပ်အဖြစ် ရည်ရွယ်ကာ  ပြင်ဉီးလွင် ကျေးလက်ဒေသ စက်ဘီးစီးခရီးစဉ် ၂၀၂၄ ဖွင့်ပွဲကို ယမန်နေ့နံနက် ၇ နာရီ ၃၀ မိနစ်က အမျိုးသားကန်တော်ကြီးဉယျာဉ်အတွင်း၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စက်ဘီးစီးဝါသနာရှင်များ တက်ရောက်ကြသည်။
မင်းလှမြို့နယ် မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ပါဠိပါဂူဘွဲ့တံဆိပ်တော်ရ (စာချနာယကဆရာတော်) အရှင်ဓမ္မဒီပ၏ ပါဠိပါရဂူဂုဏဝိသိဠပူဇော်ပွဲ အခမ်းအနားကျင်းပ
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ မလွန်ရေခါးပရိယတ္တိစာသင်တိုက်တွင် ပါဠိပါဂူဘွဲ့ တံဆိပ်တော်ရ (စာချနာယကဆရာတော်) အရှင်ဓမ္မဒီပ၏ ပါဠိပါရဂူဂုဏဝိသိဠပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက မလွန်ရေခါးစာသင်တိုက်ရှိ သာသနာ့ဗိ‌မာန်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ဇေယျာသီရိမြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေး
Feb 05,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေး လိုက်လံစစ်ဆေးခြင်းကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
စလင်းမြို့နယ်တွင် မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ် သီးနှံစိုက်စွမ်းအားတိုးတက်မြင့်မားစေရေး ကွင်းဆင်းကြည့်ရှုစစ်ဆေး
Feb 05,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ဆင်ဖြူကျွန်း မြောက်ရှားတောကျေးရွာအုပ်စု တောင်သူဦးခင်မောင်လွင်၏ အာလူးစိုက်ခင်းနှင့် ဖောင်းလင်းကျေးရွာအုပ်စု ဖောင်းလင်းကျေးရွာ တောင်သူဦးစိုးမင်းထွန်း၏ နေကြ (ရေဆင်းစပ်မျိုး) နှင့် စားတော် (အာမဲ) သီးညှပ်စိုက်ပျိုးဖြစ်ထွန်းနေမှုအား ယမန်နေ့ နံနက် (၁၁) နာရီ ၅၅ အချိန်က သီးနှံစိုက်စွမ်းအား တိုးတက်မြင့်မားစေရေး ဒေသခံတောင်သူများနှင့်တွေ့ဆုံ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့ ဗိုလ်ချုပ်လမ်းတွင် နိုင်လွန်ကတ္တရာလမ်းအရှည် ပေ (၈၃၀)ခင်းခြင်းလုပ်ငန်း ဆောင်ရွက်
Feb 05,2024
မန္တလေးတိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့၏ အစီအစဉ်ဖြင့် တိုင်းဒေသကြီးအတွင်း မြို့ပြသန့်ရှင်းသာယာလှပရေးနှင့် ခေတ်မီမြို့ပြများ ပေါ်ထွန်းလာစေရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ကျောက်ပန်းတောင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့မတောင်ရပ်ကွက်နှင့် မြို့မရပ်ကွက်အတွင်းရှိ ဗိုလ်ချုပ်အောင်ဆန်းလမ်း နိုင်လွန်ကတ္တရာလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့က နိုင်လွန်ကတ္တရာခင်းခြင်းလုပ်ငန်း အားလုံးပြီးစီးသွားပြီဖြစ်ကြောင်း သိရသည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြင်ဦးလွင်မြို့နယ် အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကျင်းပ
Feb 05,2024
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ပြင်ဦးလွင်မြို့နယ်တွင် အင်းထိပ်ဦး-ကျီးကိုင်ကျေးရွာချင်းဆက်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ (၁) နာရီက အင်းထိပ်ဦး-ကျီးကိုင်လမ်း၌ ကျင်းပသည်။
သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ပထမနှစ်ဘီဒီအက်စ် (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနား ကျင်းပပြုလုပ်
Feb 04,2024
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ ၁၀၄x၁၀၅ဘလမ်းကြား သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်(မန္တလေး)၏ ဇမ္ဗူရစ်ရွှေစင်ခန်းမတွင် သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်(မန္တလေး) ပထမနှစ်ဘီဒီအက်စ် (၁၁/၂၀၂၃) သင်တန်းမှ ကျောင်းသား/ကျောင်းသူများ၏ မောင်မယ်သစ်လွင်ကြိုဆိုပွဲအခမ်းအနားကို ယနေ့နံနက် ၀၉:၀၀နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲကျင်းပ
Feb 04,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၅)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပခဲ့သည်။