သတင်းများ

သဲကုန်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(5/9) စာမေးပွဲဆိုင်ရာ အလုပ်ရုံဆွေး​နွေးပွဲကျင်းပ
Feb 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်း​မြို့နယ်တွင် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade(5/9)  စာမေးပွဲဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးအစည်းအ​ဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်းကျင်းပ
Feb 05,2024
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတ ပြည့်ဝစေရေး၊ စာပေဖတ်ရှုခြင်းအားဖြင့် စဉ်းစားခြင်းအတွေးအခေါ်ဗဟုသုတနှင့် အမှားအမှန် ဝေဖန်ပိုင်းခြားနိုင်ရေးစသည့် ရည်ရွယ်ချက်များဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့၏ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ညနေ ၃ နာရီက ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပသည်။
သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီဥက္ကဋ္ဌ သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စု‌နေ တောင်သူများနှင့် တွေ့ဆုံ
Feb 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သင်္ကန်းပင်ဆိပ် ကျေးရွာအုပ်စု‌နေ တောင်သူများနှင့် ဖေဖော်ဝါရီလ ၃ ရက်နေ့၊ မွန်းလွဲ ၁ နာရီခွဲအချိန်က တွေ့ဆုံခဲ့ကြသည်။
အ.ထ.က(ဂန့်ဂေါ)၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်အဆင့် စာစီစာကုံးပြိုင်ပွဲပြုလုပ်
Feb 05,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၁၂)ရက်နေ့တွင် ကျရောက်မည့် “(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့” အထိမ်းအမှတ်အကြို မြို့နယ်အဆင့်စာစီစာကုံးပြိုင်ပွဲကို “ပြည်ထောင်စုနေ့နှင့် လူငယ်တာဝန်” ခေါင်းစဉ်ဖြင့် ယနေ့နံနက် ၈ နာရီအချိန်က မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့၊ ကျောတိုက်ရပ်ကွက်ရှိ အ.ထ.က (ဂန့်ဂေါ) ကျောင်း၌ အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့်များခွဲ၍ ပြိုင်ပွဲကို ပြုလုပ်ခဲ့ကြသည်။
သံတွဲမြို့နယ်၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကျင်းပ
Feb 05,2024
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကို သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ဆောင်းပါး၊ စာစီစာကုံးပြိုင်ပွဲကို သံတွဲခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ ယနေ့နံနက် ၉နာရီက ကျင်းပခဲ့သည်။
ပင်းတယမြို့နယ်အတွင်းရှိ ဂျုံစိုက်ခင်းများ စတင်ရိတ်သိမ်းချိန် ဈေးကောင်းရရှိရန် ဂျုံစိုက်တောင်သူများ မျှော်လင့်နေ
Feb 05,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများသည် စိုက်ပျိုးရေးကို အဓိက စီးပွားရေးအဖြစ် လုပ်ကိုင်ကြပြီး ရာသီဥတုနှင့် ကိုက်ညီသည့် သီးနှံများကို စိုက်ပျိုးရောင်းချကြရာ ယခုအခါတွင် ပင်းတယမြို့ အနီးအနား ပတ်ဝန်းကျင်တွင် စိုက်ပျိုးထားသည့် ဂျုံစိုက်ခင်းများ စတင်ရိတ်သိမ်းချိန်၌ ဈေးကောင်းရရှိရန် ဂျုံစိုက်တောင်သူများ မျှော်လင့်နေကြကြောင်း သိရသည်။
သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ လေပြင်းဘေးကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံး အစည်းအဝေးခန်း၌ ကျင်းပခဲ့သည်။
ပွင့်ဖြူမြို့နယ်၌ ကျေးရွာနေပြည်သူများ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး လိုက်လံအသိပေး နှိုးဆော်
Feb 05,2024
ပွင့်လင်းရာသီချိန်ရောက်ရှိလာပြီဖြစ်၍ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်နှင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ သိရှိလိုက်နာ ဆောင်ရွက်နိုင်ရေးအတွက် ယမန်နေ့က ပွင့်ဖြူမြို့နယ် ကျောင်းတော်ရာကျေးရွာအုပ်စုနှင့် ကုန်းဇောင်းကျေးရွာအုပ်စုသို့ ကွင်းဆင်းသွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို  လိုက်လံသတိပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။