သာယာဝတီ ဖေဖော်ဝါရီ ၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့တွင် ဘုန်းကြီးကျောင်းများ၌ ယနေ့နံနက်ပိုင်းက သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးခြင်းနှင့် သရုပ်ပြခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ ကြည့်ရှုစစ်ဆေးရာတွင် သာယာဝတီမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်လတ်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ဘုန်းကြီးကျောင်းများရှိ မီးသတ်ဆေးဘူးများ စနစ်တကျထားရှိမှု ရှိ၊ မရှိ၊ လျှပ်စစ်ဝါယာကြိုးများနှင့် မီးပလပ်ပေါက်များအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မတော်တဆ မီးလောင်မှုဖြစ်ပွားပါက မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်မှုများကို သံဃာတော်များအား အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန့်ဇော် (ပြန်/ဆက်)