၂၀၂၄ ခုနှစ် ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲ ကျင်းပ

ပြည် ဖေဖော်ဝါရီ ၅

၂၀၂၄ ခုနှစ် ၊ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမျိုးသားဖူဆယ် ဘောလုံးပြိုင်ပွဲကို ပြည်မြို့ မြို့နယ်ဘောလုံးကွင်း၌ ယမန်နေ့နံနက် (၈)နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်အသင်း (၁၀)သင်းနှင့်ဌာနဆိုင်ရာအသင်း (၅)သင်း စုစုပေါင်း (၁၅)သင်း ပါဝင်ယှဥ်ပြိုင်ကစားမည်ဖြစ်ကြောင်းနှင့် မနက်ပိုင်း (၂)ပွဲနှင့် ညနေပိုင်း (၂)ပွဲ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

ယမန်နေ့နံနက်ပိုင်းတွင် ပွဲစဉ်(၂)ပွဲကစားရာ မြို့နယ်စည်ပင်သာယာရေးနှင့် ရွှေတံခါးရပ်ကွက်တို့ ယှဥ်ပြိုင်ကြရာ ရွှေတံခါးရပ်ကွက်အသင်းက မြို့နယ်စည်ပင်အသင်းကို ၈ဂိုး-၂ဂိုးဖြင့် အနိုင်ရရှိပြီး ရွာဘဲရပ်ကွက်နှင့် နဝဒေးရပ်ကွက်အသင်းတို့ ထပ်မံယှဥ်ပြိုင်ကစားကြရာ ၂ဂိုး-၂ဂိုးဖြင့် သရေကျခဲ့သည်။

အဆိုပါပြိုင်ပွဲများအတွက် ဆုချီးမြင့်ပွဲအခမ်းအနားကို လာမည့် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့်  ပြည်ထောင်စုနေ့ အခမ်းအနားတွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုစိုး( ပြည်)