သတင်းများ

သရက်ချောင်းမြို့နယ်၊ ပန်းတော(မူလွန်)ကျောင်းတွင် လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ
Feb 05,2024
ကျောင်းသား/သူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် (၁၀)နာရီခွဲအချိန်က သရက်ချောင်းမြို့၊ (အ-မ-က)ပန်းတော မူလွန်ကျောင်းတွင် ကျင်းပသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ် ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးအသိပညာပေးခြင်း ဆောင်ရွက်
Feb 05,2024
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ ရပ်ကွက်များအတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးစစ်ဆေးအသိပညာပေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာန တာဝန်ရှိသူများက ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းမှစ၍ ဆိပ်ကြီးအနောက်ရပ်ကွက်တွင်  ဆောင်ရွက်လျက်ရှိသည်။
ဟင်္သာတမြို့၊ ဓမ္မဗိမာန်ကျောင်းတိုက်တွင် ဝိဇ္ဇာသမ္ပဒါ စာကြည့်တိုက် (ဧရာဝတီ) ဖွင့်ပွဲကျင်းပ
Feb 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့၊ ပန်းဘဲတန်းရပ်ကွက်၊ ဓမ္မဗိမာန်ကျောင်းလမ်းရှိ ဓမ္မဗိမာန်ကျောင်းတိုက်တွင် ဝိဇ္ဇာသမ္ပဒါ စာကြည့်တိုက် (ဧရာဝတီ) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က အဆိုပါနေရာ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ
Feb 05,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့ နံနက်(၉)နာရီအချိန်က လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကွန်ဟိန်းမြို့၌ ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများဆောင်ရွက်
Feb 05,2024
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယနေ့နံနက် (၈) အချိန်ခန့်က စတင်၍ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရပါသည်။
ကံမမြို့၌ ဆေးမန်ကျည်း၊ မောင်ကျန်တတို့ သစ်သီးယိုစုံအတို့မှုန့်၊ ရှောက်ချိုမွှေးများ ဈေးကွက်အတွင်း ရောင်းချနေမှု ရှိ /မရှိ ကွင်းဆင်းစစ်ဆေး
Feb 05,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့၌ စည်ပင်သာယာ မြို့မဈေးအတွင်းနှင့် မြို့ပေါ်ရပ်ကွက်များရှိ ကုန်စုံဆိုင်များတွင် ဇော်ဂျီအမှတ်တံဆိပ် ဆေးမန်ကျည်းနှင့် မောင်ကျန်တတို့ သစ်သီးယိုစုံ အတို့မှုန့်များ၊ ရှောက်ချိုမွှေးများ ဈေးကွက်အတွင်း ရောင်းချဖြန့်ဖြူးနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ၊ မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ကော်မတီ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေး နှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများက ယနေ့နံနက် (၈)နာရီက ကွင်းဆင်း စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် ဧရိယာများအား စုပေါင်းလယ်ကြားမြောင်းဖောက်လုပ်ပွဲကျင်းပ
Feb 05,2024
သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် ဧရိယာများတွင် စုပေါင်းလယ်ကြားမြောင်းဖောက်လုပ်ပွဲကို ယနေ့နံနက်ပိုင်းက ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ၊ ကွင်းအမှတ် (၁၆၂-ခ) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက လယ်ကြားမြောင်း ဖောက်လုပ်ရခြင်း ရည်ရွယ်ချက်ကို ဆွေနွေးမှာကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က နွေစပါးလျာထား (၁၈၂၇) ဧက ပြည့်မီအောင် စိုက်ပျိုးရေး၊ တစ်ဧကတင်း(၁၅၀) ထွက်ရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ဆာဖိုးသာမျိုး ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်နှင့် Seeder စိုက်အသုံးပြုလျက် စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများထည့်သွင်းရေး၊ လယ်ကြားမြောင်းများ ဖောက်လုပ်ရေး၊ ကွင်းဆင်းပညာပေးရေး၊ Water User Group များဖွဲ့စည်းရေး စသည့် ဆောင်ရွက်ထားရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
မြစ်ကြီးနားမြို့၌ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ​စေ​ရန်ရည်ရွယ်၍ ပန်းအလှဆင်/ပန်းအလှပြင် သင်တန်းဖွင့်လှစ်ပေး
Feb 05,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိ​စေ​ရန်ရည်ရွယ်၍ ပန်းအလှဆင်/ပန်းအလှပြင် သင်တန်းကို မြစ်ကြီးနားမြို့ရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမ၌ ဖေဖော်ဝါရီ (၃) ရက် နံနက် ၉ နာရီက စတင်ဖွင့်လှစ်ပေးခဲ့သည်။