သတင်းများ

ကံမမြို့နယ်၌ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း ပြည်သူ့စစ်များအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်
Feb 06,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမ၌ ယနေ့နံနက် (၁၁) နာရီက အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း ပြည်သူ့စစ် (ဌာနေ) များအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို ကျင်းပပြုလုပ်ရာ သရက်တပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်အောင်၊ သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ(ဌာနေ) နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။
ကန်ကြီးထောင့်မြို့နယ်၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဌာနဆိုင်ရာရုံးများသို့ ကွင်းဆင်း စစ်ဆေးခြင်းများဆောင်ရွက်
Feb 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကြီးမှူး၍ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့ နံနက် (၁၁)နာရီအချိန်က ဆောင်ရွက်ခဲ့ကြသည်။
ငပုတောမြို့ အခြေခံပညာအထက်တန်းကျောင်း‌၌ မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်
Feb 06,2024
ဧရာဝတီတိုင်းဒေသကြီး ၊ပုသိမ်ခရိုင်၊ ငပုတောမြို့‌၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီ ရောက်ရှိလာပြီဖြစ်၍ အခြေခံပညာကျောင်းများတွင် မီးဘေးအန္တရာယ်ကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးမှုမရှိစေရေးအတွက် မီးဘေးလုံခြုံရေး အသိပညာပေး ဟောပြောပွဲနှင့် မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းကို ယနေ့နံနက် (၁၀)နာရီအချိန်က အဆိုပါကျောင်းရှိ နဝရတ်ခန်းမတွင် ကျင်းပပြုလုပ်သည်။
ထန်းတပင်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ
Feb 06,2024
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဆိပ်ကြီးတွင် ကျောင်းသား/ ကျောင်းသူများအား ဥာဏ်ရည်ဥာဏ်သွေးမြင့်မားစေရန်၊ အတွေးအခေါ်မှန်ကန်စေရေး ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ဝိုင်းမော်မြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့် အောင်ချက်မြင့်မားရေး ဟောပြောပွဲ ကျင်းပ
Feb 06,2024
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(ခတ်ချို)၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်နယ်စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့ပူးပေါင်း၍ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲနှင့်‌ အောင်ချက်မြင့်မား‌ရေးအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက ဝိုင်းမော်မြို့နယ်၊ ခတ်ချိုကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းရှိ ရွှေခတ်ချိုခန်းမတွင် ကျင်းပခဲ့သည်။
ပြည်တက္ကသိုလ်၌ ရှေးဦးသူနာပြုစုခြင်း (အခြေခံ)သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ
Feb 06,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်တက္ကသိုလ် ကြက်ခြေနီအသင်း(ခွဲ)၏ ရှေးဦးသူနာပြုစုခြင်း (အခြေခံ) (၁/၂၀၂၄) သင်တန်းဆင်းပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီခွဲက ပြည်တက္ကသိုလ် မဥ္ဇူဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Feb 06,2024
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဂေါက်သီးရိုက်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယခုလ ၃ ရက်နေ့နက်ပိုင်းက ဧရာဝတီ ဂေါက်ကလပ်(ပုသိမ်)တွင် ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြိုင်ပွဲဝင်အသင်းများ တက်ရောက်ခဲ့ကြသည်။
(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဌာနဆိုင်ရာပေါင်းစုံ အမျိုးသားဘောလုံး (ဂိုးလတ်)ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Feb 06,2024
၂၀၂၄ ခုနှစ်(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား ဌာနဆိုင်ရာပေါင်းစုံအမျိုးသား ဘောလုံး(ဂိုးလတ်) ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို မြို့မအားကစားကွင်း၌ ယနေ့နံနက် ၇ နာရီခွဲ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။