ထန်းတပင်(ပဲခူး) ဖေဖော်ဝါရီ ၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် ထန်းတပင်မြို့နယ် အခြေခံပညာအလယ်တန်းကျောင်း (ခွဲ) ဆိပ်ကြီးတွင် ကျောင်းသား/ ကျောင်းသူများအား ဥာဏ်ရည်ဥာဏ်သွေးမြင့်မားစေရန်၊ အတွေးအခေါ်မှန်ကန်စေရေး ရည်ရွယ်ကာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် ၁၀ နာရီအချိန်က အားကစားနှင့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးအောင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်တင်အိအိဝင်းက လူငယ်နှင့်စာပေအကြောင်းအရာကိုလည်းကောင်း၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးများ၊ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း တို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အကြီးတန်းစာရေး ဒေါ်ပြည့်ဖြိုးခိုင်က အားကစားပြုလုပ်ခြင်း၏ အကျိုးကျေးဇူးများ၊ ကိုယ်လက်ကြံ့ခိုင်ရေးနှင့် ကျန်းမာရေးအကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ကျောင်းသူလေးများကို ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးအန္တရာယ်နံရံကပ်စာစောင်၊ လူကုန်ကူးမှုတိုက်ဖျက်ရေးနံရံကပ်စာစောင်များကို ပြသခဲ့ရာ ကျောင်းသား ကျောင်းသူများက ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)