ကံမမြို့နယ်၌ အခြေခံစစ်ပညာ သင်တန်းအမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း ပြည်သူ့စစ်များအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်

ကံမ ဖေဖော်ဝါရီ ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့ မြို့နယ်ခန်းမ၌  ယနေ့နံနက် (၁၁) နာရီက  အခြေခံစစ်ပညာ သင်တန်း အမှတ်စဉ် (၁/၂၀၂၄) သင်တန်းဆင်း ပြည်သူ့စစ် (ဌာနေ) များအား ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ပွဲကို  ကျင်းပပြုလုပ်ရာ သရက်တပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်အောင်၊  သရက်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ခံအရာရှိများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ပြည်သူ့စစ်များ(ဌာနေ) နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားတွင် သရက်တပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်အောင်က အမှာစကားပြောကြားပြီးနောက် ပြည်သူ့စစ် (ဌာနေ) အခြေခံစစ်ပညာ သင်တန်းဆင်း ပြည်သူ့စစ်များအား သရက်တပ်နယ်၊ တပ်နယ်မှူး ဗိုလ်မှူးကြီးနိုင်အောင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနိုင်တို့က ဆန်၊ ဆီ၊ ကုလားပဲ၊ ခေါက်ဆွဲခြောက်နှင့် ကော်ဖီမစ်များကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)