သတင်းများ

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၇၆၂၅၇ ဧက စိုက်ပျိုးပြီးစီး
Feb 06,2024
စစ်ကိုင်းတိုင်းဒေသကြီး နာဂပိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအပါအဝင် ခရိုင် (၁၄)ခရိုင်တွင် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ စားဖိုဆောင်သီးနှံစုံ ၇၆၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး  ဦးဝင်းလှိုင်ဦးထံမှ သိရသည်။
စစ်ကိုင်းမြို့တွင် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲ ကျင်းပ
Feb 06,2024
စစ်ကိုင်းခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေ မိသားစုဝင်ငွေတိုးရေး စီမံကိန်းလုပ်ငန်း အစီအစဉ်ဖြင့် ဖွင့်လှစ်ခဲ့သည့် သင်တန်း(၂)ခုမှ ထူးချွန်သင်တန်းသားများအား ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးပစ္စည်း ပေးအပ်ပွဲနှင့် သင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ကျောက်ဖြူမြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာ ကျင်းပ
Feb 06,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက်  ပြည်ထောင်စုနေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျောက်ဖြူခရိုင်/မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူးကာ ဖူဆယ်အမျိုးသားဘောလုံးပြိုင်ပွဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့မှစတင်၍ ကျောက်ဖြူမြို့၊ မြို့မအားကစားဘောလုံးကွင်းကြီးတွင် စည်ကားသိုက်မြိုက်စွာဖြင့် ကျင်းပပြုလုပ်လျက်ရှိသည်။
အင်းစိန်မြို့နယ်အတွင်းရှိ စက်ရုံများသို့ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် အလုပ်သမားများ၏ ဥပဒေပါ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ
Feb 06,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ သင်ထောက်ကူမော်တော်ယာဉ်ဖြင့် အလုပ်သမားများ၏ ဥပေဒပါ ရပိုင်ခွင့်များဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီမွ စတင်ကာ အင်းစိန်မြို့နယ်၊ရွှေပြည်သာစက်မှုဇုန်(၃)ရှိ Yangon Crown Co,Ltd(ဝါယာကြိုးစက်ရုံ)နှင့် ရွှေပြည်သာစက်မှုဇုန်(၄)ရှိ Zhongrun Myanmar Garment Co,Ltd ( ကျိုရစ်မြန်မာအထည်ချုပ်စက်ရုံ)တို့တွင် ကျင်းပခဲ့သည်။
ဒေးဒရဲမြို့နယ် မီးသတ်ဦးစီးဌာနရှိ တာဝန်ရှိသူများက တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေပေးအပ်ခြင်းနှင့် မီးငြှိမ်းသတ်ရေးပစ္စည်းများအား ကြည့်ရှုစစ်ဆေး
Feb 06,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မီးလောင်မှုလျော့နည်းကျဆင်းရေး၊ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများကို ယမန်နေ့ ညနေပိုင်းက တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခြင်းနှင့် တပ်ဖွဲ့ဝင်များအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဆင်ပေါင်ဝဲမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးရာသီတွင် ပဲကြီး သီးနှံ ဧက (၇၈၃၉) ကျော် လျာထားစိုက်ပျိုးဆောင်ရွက်
Feb 06,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ ယခု ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းရာသီစိုက််ပျိုးရာသီတွင် ဒေသတွင်း ပဲမျိုးစုံသီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်နှင့်ဒေသခံ တောင်သူများ သီးနှံဝင်ငွေ တိုးပွားစေရန်ရည်ရွယ်၍ ပဲကြီးသီးနှံ ဧက (၇၈၃၉) ကျော် လျားထားစိုက်ပျိုးဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
အရာတော်မြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ
Feb 06,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့၌ (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre) တွင် ယမန်နေ့ နံနက် ၁၀ နာရီက ဆောင်ရွက်ခဲ့သည်။
မန္တလေးတိုင်းဒေသကြီး အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်မှ တံတားဦးမြို့နယ်တွင် ဆောက်လုပ်လျက်ရှိသည့် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေး
Feb 06,2024
မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်းသည် ယနေ့နံနက် ၉ နာရီက တံတားဦးခရိုင် တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် စက်မှု၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း ဆောက်လုပ်နေမှုအား ကြည့်ရှုစစ်ဆေးသည်။