ဒက္ခိဏသီရိမြို့နယ်တွင် ခွေးရူးဂါကြိုတင်ကာကွယ်ဆေးများ အခမဲ့ထိုးနှံပေး
Feb 08,2024
မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနသည် ခွေးရူးရောဂါကင်းစင်ရေးအတွက် အမျိုးသားအဆင့်စီမံကိန်း(၂၀၁၈-၂၀၃၀)ကို ရေးဆွဲဆောင်ရွက်လျက်ရှိပြီး ခွေးမှတစ်ဆင့် လူသို့ ခွေးရူးရောဂါ ကူးစက်ပြန့်နှံခြင်းမှ ကာကွယ်နိုင်ရန်အတွက် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် မွေးမြူထားသော အိမ်မွေးခွေးများအား ခွေးရူးဂါကာကွယ်ဆေးကို ဖေဖော်ဝါရီလ ၆ ရက်နေ့ မြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါက်တာထက်မမဖြိုးနှင့် ဝန်ထမ်းများက လိုက်လံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။