သတင်းများ

(၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပပြုလုပ်
Feb 08,2024
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ရောက်ရှိမည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲများကို ဖေဖော်ဝါရီလ ၆ ရက်နေ့ နံနက်ပိုင်းက ဆိပ်ကြီးခနောင်တိုမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အကြို ထမနံထိုးပြိုင်ပွဲ အ.ထ.က (၂) မြို့မ (တွံတေး) ၌ကျင်းပ
Feb 08,2024
(၇၇) နှစ်မြောက်ပြည်ထောင်စုနေ့အကြို ထမနဲထိုးပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ အုန်းပင်စုရပ်ကွက်ရှိ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) တွံတေး၌ ဖေဖော်ဝါရီလ ၆ ရက်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကျောင်းဝင်းအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြင့်မားရေး အခြေခံပညာကျောင်းများတွင် အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Feb 08,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံပြီး ထူးချွန်လူငယ်များပေါ်ထွက်လာစေရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခြင်း၊ သင်တန်းများဖွင့်လှစ်ပေးခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်(၁၀)နာရီက ကျောက်ဆည်မြို့နယ် ပြည်ပန်းကျေးရွာ အခြေခံပညာမူလတန်းကျောင်း၌ စာဖတ်ရှိန်မြင့်မားရေး အသိပညာပေး ဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး ဇောင်ချမ်းကုန်း – ဝက်စုကျေးရွာချင်းဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနှင့် တွေ့ဆုံ
Feb 08,2024
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ နေပြည်တော်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များလိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် ပျဉ်းမနားမြို့နယ်၊ ဇောင်ချမ်းကုန်း – ဝက်စုကျေးရွာချင်း ဆက်လမ်း ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုအခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ကျောက်ကြီးမြို့နယ်၌ မိုင်းအန္တရာယ်အသိပညာပေး ဟောပြောပွဲပြုလုပ်
Feb 08,2024
ပဲခူးတိုင်းဒေသကြီး ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉ နာရီအချိန်ခန့်က မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး အစည်းအဝေးခန်းမ၌ ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ပူးပေါင်းစီစဥ်သည့် မိုင်းအန္တရာယ်အသိပညာပေးဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
မချမ်းဘောမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် ကောင်းမှုလုံစေတီတော်မြတ်ကြီး၌ ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပမည်
Feb 08,2024
ကချင်ပြည်နယ် ပူတာအိုခရိုင်၊ မချမ်းဘောမြို့နယ်ရှိ ကောင်းမှုလုံစေတီတော်မြတ်ကြီးတွင် ဗုဒ္ဓပူဇနိယပွဲတော်နှင့် မဟာအဘိဓမ္မာ (၇) ကျမ်းရွတ်ဖတ်ပူဇော်ပွဲကို ကောဇာသက္ကရာဇ် ၁၃၈၅ ခုနှစ် တပို့တွဲလဆန်း (၄) ရက်နေ့မှ တပို့တွဲလပြည့်နေ့အထိ ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ (၂၄) ရက်နေ့ထိ (၁၂) ရက်တာ စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် မြသိန်းတန်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနား ကျင်းပ
Feb 08,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မြသိန်းတန်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၆ နာရီခွဲအချိန်က ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။
မချမ်းဘောမြို့နယ်ရှိအခြေခံပညာကျောင်းများ၌ ကျောင်းအခြေပြု အသက်၅နှစ်အထက် နှင့်အသက် ၇ နှစ်အောက် ကျောင်းသားကျောင်းသူများအား ဆုံဆို့-မေးခိုင် (DT)ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ
Feb 08,2024
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအခြေပြု အသက် ၅ နှစ်အထက် အသက် ၇ နှစ်အောက်ကျောင်းသားကျောင်းသူ များအားဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။