သတင်းများ

မင်းဘူး(စကု)မြို့နယ်ရှိ သာသနာ့သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေး
Feb 08,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ သာသနာ့သမိုင်းဝင် မန်းရွှေစက်တော်ရာဘုရား ဗုဒ္ဓပူဇနိယပွဲတော်အား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက မင်းဘူးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့နယ်၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ပြပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပ
Feb 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်၊ စာအုပ်စာစောင်ပြပွဲနှင့် ပန်းချီပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လုံမြို့ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲ ကျင်းပ
Feb 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပင်လုံမြို့ရုံး၊ လူထုအခြေပြုဗဟိုဌာန(Community Center)ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို စိတ်ကြိုက်ပန်းချီပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲ၊ ဟောပြောပွဲကို ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ပါသည်။
မိုင်းဖြတ်မြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များ ခင်းကျင်းပြသ
Feb 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ဗလငါးတန်နှင့် ပြည့်စုံကြွယ်ဝသည့် ကျောင်းသား၊ ကျောင်းသူများ  ပေါ်ထွန်းလာစေရန်နှင့် အသိပညာဗဟုတများ တိုးပွားစေရေးအတွက် ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
လားရှိုးမြို့၌ (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနား ကျင်းပ
Feb 08,2024
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက လားရှိုးမြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
မိုင်းယန်းမြို့၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် အသိပညာပေးနံရံကပ်စာစောင် ပြသ
Feb 08,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနမှ ကျောင်းသား/ကျောင်းသူများ အသိပညာဗဟုသုတများတိုးပွားစေရန်နှင့် နေ့ထူးနေ့မြတ်များကို အစဉ်အမြဲ တန်ဖိုးထား မမေ့အပ်စေရန် ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်များပြသခြင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပါမိုင်ရပ်ကွက်အတွင်းရှိ အခြေခံပညာမူလတန်းလွန်တန်းကျောင်း၌ ပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ
Feb 08,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျောင်းသား၊ ကျောင်းသူများကို (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောခြင်း၊ ပြည်​ထောင်စုနေ့အထိမ်းအမှတ် ဓါတ်ပုံပြပွဲနှင့် စာအုပ်စာစောင်ပြသခြင်းများကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုင်းစံမြို့ရုံးမှ ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများကို စနစ်တကျကျွမ်းကျင်စွာ အသုံးပြုနိုင်ရေး ဆရာဖြစ်သင်တန်းဖွင့်လှစ်
Feb 07,2024
ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ယနေ့နံနက်ပိုင်းက အခြေခံကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးပညာပေးနည်းလမ်းများကို စနစ်တကျကျွမ်းကျင်စွာသုံးပြုနိုင်ရေး ဆရာဖြစ်သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပပြုလုပ်သည်။