ကွန်ဟိန်း ဖေဖော်ဝါရီ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့တွင် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့အထိမ်းအမှတ် နေ့ဆွမ်းဆပ်ကပ်ခြင်းကို ယနေ့ နံနက် (၁၁)နာရီက အမှတ်(၂)ရပ်ကွက်ရှိ ဟိတကာရီခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပင့်ကျောင်း (၇)ကျောင်းမှ ဆရာတော်အရှင်သူမြတ်တို့အား နေ့ဆွမ်းနှင့်ခဲဖွယ်များကိုဆပ်ကပ်ပြီး ကွန်ဟိန်းမြို့ စစ်ဗျူဟာအခြေချ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ကိုနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများတို့က ဩကာသ ကန်တော့ကျိုးဖြင့် ရှစ်ခိုးပူဇော်ကန်တော့ကြပြီး အောင်မင်္ဂလာကျောင်းတိုက် ကျောင်းထိုင်ဆရာတော်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ဆရာတော်အရှင်သူမြတ်များ ရွတ်ဖတ်သရဇ္ဇျယ်သော ပရိတ်တရားတော်နှင့် အနုမောဒနတရားတော်များကို အတူတကွနာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်ချအမျှပေးဝေခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)