ပန်းတောင်း ဖေဖော်ဝါရီ ၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပြည်ခရိုင်လူမှုဝန်ထမ်း ဒုတိယဦးစီးမှူး ဒေါ်ဂျမ်းဂျမ်းအေးက ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီ၏ ရှေ့လုပ်ငန်းစဉ်များနှင့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ (၂၀၁၉) ခုနှစ်အား အကျယ်တဝင့် ရှင်းလင်းပြောကြားပြီး မြို့နယ်ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များက ကလေးသူငယ်များအပေါ် မိမိတို့ဌာနမှဆောင်ရွက်ပေးနိုင်မှု အခြေအနေများနှင့်သိရှိလိုသည်များကို ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြသည်။
အဆိုပါဟောပြောပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်သူရနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
လပြည့်လင်း(ပြန်/ဆက်)