မိုင်းရှူးမြို့၌ သတင်းတု၊ သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်

မိုင်းရှူး ဖေဖော်ဝါရီ   ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့၌ သတင်းတု၊ သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အမှတ်(၄)ရပ်ကွက် ဘုံခန်းမတွင် ကျင်းပသည်။

ဦးစွာ မိုင်းရှူးမြို့နယ် ရဲမှူး ကျော်လင်းက သတင်းတု၊ သတင်းမှားနှင့်ပတ်သက်၍ အသိပညာပေးဆွေးနွေးခြင်းများ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် သတင်းတု၊ သတင်းမှားနှင့်ပတ်သက်၍ ဥပဒေကြောင်းဆိုင်ရာကိုလည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်လေးလေးယုက စာနယ်ဇင်းကျင့်ဝတ်နှင့် သတင်းတုသတင်းမှား၊ မြို့မရဲစခန်းမှူး ဒုရဲမှူးမိုးလွင်က အွန်လိုင်းလိမ်လည်မှုများ သတိပြုရန်လည်းကောင်း ပညာပေးဆွေးနွေးပြီး တက်ရောက်လာသော ပြည်သူများ၏ ဆွေးနွေးမေးမြန်းမှုများအပေါ် ပြန်လည်ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)