ကြည့်မြင်တိုင်မြို့နယ် အ.ထ.က(၅) ကျောင်း၌ ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပ
Feb 07,2024
ကျောင်းသား/ကျောင်းသူ လူငယ်များ ပြည်ထောင်စုနေ့ပေါ်ပေါက်လာပုံများအကြောင်း လေ့လာသိရှိနိုင်စေရန်နှင့် မိမိတို့နိုင်ငံ၏ အထိမ်းအမှတ်နေ့များကို ပိုမိုတန်ဖိုးထားတက်စေရန် ရည်ရွယ်၍ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၇) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ရန်ကုန်အနောက်ပိုင်းခရိုင်၊ ကြည့်မြင်တိုင်မြို့နယ် အမှတ်(၅) အခြေခံ ပညာအထက်တန်းကျောင်း၌ ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပခဲ့သည်။