မချမ်းဘော ဖေဖော်ဝါရီ ၇
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျောင်းအခြေပြု အသက် ၅ နှစ်အထက် အသက် ၇ နှစ်အောက်ကျောင်းသားကျောင်းသူ များအားဆုံဆို့-မေးခိုင် (DT) ကာကွယ်ဆေးထပ်ဆောင်းထိုးနှံခြင်းကို ယနေ့နံနက် ၁၁ နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံခြင်းကို မချမ်းဘောမြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန မှဝန်ထမ်းများကကွင်းဆင်းဆောင်ရွက်ကာ အခြေခံပညာအလယ်တန်းကျောင်း မြို့မနှင့် အမှတ်(၂) ၊အမှတ်(၃) မူလတန်းကျောင်းများများတွင်လည်း အလားတူ ဆောင်ရွက်ခဲ့ပြီး မချမ်းဘောမြို့နယ် အခြေခံပညာကျောင်းများရှိ အသက်၅နှစ်အထက်နှင့် အသက်၇နှစ်အောက် ကျောင်းသားကျောင်းသူများအားဆုံဆို့-မေးခိုင်(DT)ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံခြင်းကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်းသိရသည်။
ယောရွှေနီ(မချမ်းဘော)