ဝါးခယ်မမြို့နယ် မြသိန်းတန်စေတီတော်မြတ်ကြီး ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနား ကျင်းပ

ဝါးခယ်မ ဖေဖော်ဝါရီ ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် မြသိန်းတန်စေတီတော်မြတ်ကြီးတွင် ယနေ့နံနက် ၆ နာရီခွဲအချိန်က ဗုဒ္ဓါဘိသေကအနေကဇာတင်ပွဲ အခမ်းအနားကျင်းပ ပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ (၃) ကြိမ်ရွတ်ဆိုပူဇော်၍ စတင်ဖွင့်လှစ်ခဲ့ပြီး မြသိန်းတန်ဆရာတော်အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ကြွရောက်တော်မူလာကြကုန်သော ဆရာတော်ကြီးများမှပရိတ်တရားတော်များ ချီးမြှင့်ခြင်း၊ ဆရာတော်သံဃာတော်များအား လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခြင်း၊ ဆရာတော်အရှင်သူမြတ်များထံမှ ရေစက်ချအနုမောဒနာတရား နာယူကြည်ညိုခဲ့ပြီး ဗုဒ္ဓသာသနံစိရံတိဋ္ဌတု (၃) ကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားကို အောင်မြင်စွာပိတ်သိမ်းခဲ့ကြောင်း သိရသည်။

ဟိန်းထက်လင်း (ပြန်/ဆက်)