ဘီးလင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ (၇၇)နှစ်မြောက်ပြည်ထောင်စုနေ့အကြို  အသိပညာပေးဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများပြုလုပ်

ဘီးလင်း ဖေဖော်ဝါရီ ၉

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် (၇၇)နှစ်မြောက် ပြည်ထောင်စု​နေ့အကြို အသိပညာပေး‌ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယနေ့မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်အေးမျိုးမျိုးစံက ပြည်ထောင်စုနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် ပြည်ထောင်စုစိတ်ဓာတ်ထားရှိမွေးမြူရေးတို့ကို အသိပညာပေးဟောပြောပြီး ပုံပြော၊ ကဗျာ၊ ပန်းချီ စာဖတ်စွမ်းရည် ပြိုင်ပွဲများကိုပြုလုပ်၍ ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ပြည်ထောင်စုနေ့နှင့်ပတ်သက်သည့် နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးနံရံကပ်စာစောင်များ၊ ကလေးသူငယ်စစ်မှုထမ်းခြင်းမှ ကာကွယ်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးနံရံကပ်စာစောင်များနှင့် သုတ၊ ရသစာအုပ်များကို ခင်းကျင်းပြသထားရာ တက်ရောက်လာသော ကျောင်းသား၊‌ ကျောင်းသူများက စိတ်ပါဝင်စားစွာလေ့လာကြည့်ရှုကြကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)