ညောင်ရွှေမြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပ
Jul 20,2025
သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်၊ သစ်တောသယံဇာတရေရှည်တည်တံ့စေရန် ဂေဟစနစ်ထိန်းသိမ်းနိုင်စေရန်၊ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်နှင့် အင်းလေးကန်ရေဝေရေလဲဒေသတွင် သစ်တောများပြန်လည်ဖြစ်ထွန်းလာစေရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၅-ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင်လ (၂၀) ရက်၊ နံနက် (၇) နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် ရွာသာကျေးရွာအုပ်စု ရွှေဓားဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ပြုလုပ်ခဲ့သည်။