စလင်းမြို့ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပွဲမင်္ဂလာအခမ်းအနား ကျင်းပ
Jul 18,2025
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ၂၀၂၅-၂၀၂၆ ခုနှစ် စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူးကျင်းပသော ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ၊ အုပ်ချုပ်ရေးမှူးများစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကို ယနေ့နံနက် (၉)နာရီအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ပတ္တမြားအစည်းအဝေးခန်းမဆောင်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။