ကျောက်ဆည် ဇူလိုင် ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးများကို ရေသောက်နည်းလမ်းများဖြင့် စပါးမျိုးကွဲများအလိုက် (၅၂၈၁၇) ဧက လျာထားစိုက်ပျိုးလျက်ရှိကြောင်း မြို့နယ်မြေစာရင်းဦးစီးဌာနမှ သိရသည်။
ထိုသို့ စိုက်ပျိုးရာ၌ ဧရာမင်း (၄၈၂၉၃) ဧက၊ မနောသုခ (၂၅၂၄) ဧက၊ ရွှေမနော် (၁၅၀၀) ဧက၊ အောင်နိုင်တိုး (၂၀၀) ဧက၊ GW-11 (၃၀၀) ဧက စုစုပေါင်း (၅၂၈၁၇) ဧကဖြစ်ကြောင်းနှင့် မိုးစပါးများကို ဇော်ဂျီဆည်ရေသောက် စနစ်ဖြင့် (၃၅၉၉၄) ဧက၊ ကင်းတားရေသောက်စနစ်ဖြင့် (၁၆၀၂၇) ဧက၊ သစ်တက္ကုန်းဆည်ရေသောက်စနစ်ဖြင့် (၄၃၆) ဧက၊ မိုးရေဖြင့် (၂၅၀) ဧက၊ မြေအောက်ရေ (စက်ရေတွင်း) ဖြင့် (၁၁၀) ဧက လျာထားစိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်မြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့အနေဖြင့် လျာထားမိုးစပါးသီးနှံများ ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ရေး တောင်သူများနှင့်ပူးပေါင်း၍ စိုက်လျက်ရှိကြောင်းနှင့် စိုက်ပျိုးသီးနှံများအောင်မြင်စေရေး သက်ဆိုင်ရာဦးစီးဌာနများမှ ဒေသနှင့်ကိုက်ညီသည့်မျိုးများဖြန့်ဝေခြင်း၊ စိုက်နည်းစနစ်များအား အသိပညာပေးဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေများ လုံလောက်စွာပေးဝေခြင်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)