သရက်ချောင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

သရက်ချောင်း  ဖေဖော်ဝါရီ  ၉

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ မြို့နယ်ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးကြီးကြပ်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများက ဌာနဆိုင်ရာဝန်ထမ်းများနှင့် အသက်(၆၅)ထက် ပြည်သူလူထုများအား ယနေ့နံနက် ၉ နာရီ အချိန်မှစ၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။

ယခုထိုးနှံသည့် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးသည် ဂျာမဏီနိုင်ငံမှ ထုတ်လုပ်သည့် ကာကွယ်ဆေးဖြစ်ပြီး အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် ဆရာ/ဆရာမက ကာကွယ်ဆေးထိုးနှံသူများအား စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းဖြင့် စနစ်တကျ ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးမှူး ဒေါက်တာဝင်းဇော်ဦးထံမှသိရသည်။

အဆိုပါကာကွယ်ဆေးထိုးနှံပေးရာတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများကလိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။