မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြန်မာဘော်လီဘောလူမှုရေးအသင်း ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီးအမှုဆောင်နှင့် အသင်းဝင်များ ချစ်ကြည်ရေးဘောလီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

မင်္ဂလာတောင်ညွန့် ဖေဖော်ဝါရီ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်၊ အောင်ဆန်းအားကစားကွင်း မိုးလုံလေလုံအားကစားခန်းမ၌ မြန်မာဘော်လီဘောလူမှုရေးအသင်း ပထမအကြိမ် ပြည်နယ်နှင့် တိုင်းဒေသကြီး အမှုဆောင်နှင့် အသင်းဝင်များ ချစ်ကြည်ရေးဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် (၁၂း၀၀) အချိန်တွင်ကျင်းပခဲ့ပါသည်။​

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ပဒေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီက္ကဋ္ဌ ဉီးဌေးအောင်တို့မှ အဖွင့်အမှာစကားပြောကြား၍ ပြိုင်ပွဲအားဖွင့်လှစ်​ပေးခဲ့ပါသည်။

အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုယ်စား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဥပဒေချုပ်နှင့် ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌ ဦးဌေးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မင်းသန်း၊ မြန်မာနိုင်ငံလူမှုရေး ဘော်လီဘောအသင်းဥက္ကဋ္ဌ ဦးရဲနိုင်၊ ဗိုလ်တထောင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်လွင်၊ အဖွဲ့ဝင် (၁) ဒုတိယဗိုလ်မှူးကြီး ကျော်ထွန်း၊ အဖွဲ့ဝင်(၂) ဦးဝင်းလှိုင်၊ အတွင်းရေးမှူး ဗိုလ်တထောင်ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး လှဘုန်းကျော်၊ မင်္ဂလာတောင်ညွန့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းထွန်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးကျော်ကျော်နှင့် ပြိုင်ပွဲဝင်နည်းပြများ၊ အသက် (၄၅) နှစ်အထက် အမျိုးသမီး (၄) သင်းနှင့် အသက် (၅၀) နှစ်အထက် အမျိုးသား (၉) သင်း စုစုပေါင်း ပြိုင်ပွဲဝင်အသင်း (၁၃) သင်းမှ အားကစားသမားများ၊ အင်အား (၁၃၀) ဦးခန့်နှင့် ပြိုင်ပွဲကြည့်ရှုသူ ပရိတ်သတ်အင်အား (၁၀၀) ဦးခန့်၊ စုစုပေါင်း အင်အား (၂၃၀) ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။

ယင်းဘော်လီဘောပြိုင်ပွဲအား ၈-၂- ၂၀၂၄ ရက်နေ့မှ ၁၀-၂-၂၀၂၄ ရက်နေ့ထိ ပြိုင်ပွဲဝင် (၁၃) သင်းတို့ ကယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

မြို့နယ် (ပြန်/ဆက်)