နမ့်စန်(တ) ဖေဖော်ဝါရီ ၁၁
အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲရေးမှူး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းနှင့် အဖွဲ့ဝင်များသည် ဖေဖော်ဝါရီ ၉ ရက်နေ့နံနက် ၁၁ နာရီက ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ မိုင်းစိတ်ကျေးရွာအုပ်စု၊ မိုင်းစိတ်ကျေးရွာရှိ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ အဆိုပါကျေးရွာအတွင်း ကျန်းမာရေးစစ်ဆေးပေးနေမှု အခြေအနေများကို ကြည့်ရှူအားပေးခဲ့သည်။
ရှေးဦးစွာ အမှတ်(၇၃) သံချပ်ကာစစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်မှ သံချပ်ကာစစ်ဆင်ရေးကွပ်ကဲရေးမှူး နမ့်စန်တပ်နယ်မှူး ဗိုလ်မှူးချုပ် ညီညီဝင်းက မိုင်းစိတ်ကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများအား နယ်မြေခံဆေးတပ်ရင်းရှိ နယ်လှည့်ဆေးကုသရေးအဖွဲ့မှ တပ်မတော်သားပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးနေမှုကို လိုက်လံအားပေးကြည့်ရှုကာ ဆေးရုံတက်ရောက်ရန်လိုအပ်သော ဒေသခံတိုင်းရင်းသားများအား နမ့်စန်မြို့နယ်ရှိ နယ်မြေခံဆေးတပ်ရင်းတွင် ဆေးရုံတက်ရောက်ကုသနိုင်ရေး လိုအပ်သည်များ ဆောင်ရွက်ပေးကာ ဒေသခံတိုင်းရင်းသားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်၍ ဒေသခံများ၏ တင်ပြချက်များအပေါ် တာဝန်ရှိသူများနှင့်အတူ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းနှင့် အဆိုပါကျေးရွာရှိ နားနှာခေါင်းရောဂါ၊ သွေးတိုး/ဆီးချို ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုးအကြောရောဂါနှင့် ဝမ်းပျက်ဝမ်းလျှောရောဂါရှိသူများ၊ ကိုယ်ဝန်ဆောင်မိခင်စောင့်ရှောက်ခြင်းနှင့် အထွေထွေရောဂါမျိုးစုံတို့ကို ဆေးကုသဆောင်ရွက်ပေးခဲ့ပြီး စုစုပေါင်းဒေသခံတိုင်းရင်းသား(၃၀၀)ကျော်ကို ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သူရအောင်(နမ့်စန်)