မိုင်းခုတ် မတ် ၆
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ရပ်ကွက် (၃) ဟိုခန့်ကုတ်တိုက်၌ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ သဘာဝဘေးလျော့ပါးရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က ဟောပြောခဲ့ကြောင်း သိရသည်။
အဆိုပါဟောပြောပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးမျိုးသန့်က အဖွင့်အမှာစကားပြောကြားကာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ မိုင်းဆတ်ခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာရွှေက သဘာဝဘေးအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာမှ မြို့ဦးစီးမှူးက သဘာဝဘေးအန္တရာယ်အသိပညာပေးအကြောင်းအရာများနှင့် မြို့ရဲတပ်ဖွဲ့မှ ရဲအုပ်တင်မိုးက တောမီးရှို့ခြင်းနှင့်ပတ်သက်၍လည်းကောင်း အသီးသီးဟောပြောခဲ့ကြသည်။
ထို့နောက် လေပြင်းဘေး၊ ငလျင်ဘေး၊ ရေဘေးနှင့် မီးဘေးစသည့် သဘာဝဘေးအန္တရာယ်များအတွက် ကြိုတင်ပြင်ဆင်ရန်အချက်များ၊ သတိပြုလိုက်နာဆောင်ရွက်ရန်အချက်များနှင့် ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရန်အချက်များပါသည့် လက်ကမ်းစာစောင်များလည်း ဖြန့်ဝေပေးခဲ့ကြောင်းလည်း သိရသည်။
သီတာအေး (ပြန်/ဆက်)