ရွှေဘို မတ် ၆
၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်မှ ၁၉ ရက်နေ့အထိ နိုင်ငံတစ်ဝန်းရှိ စာစစ်ဌာနများအလိုက် ကျင်းပမည်ဖြစ်ရာ ရွှေဘိုခရိုင်နေဖြင့် စာစစ်ဌာ(၁)ခု တည်းသာ ဖွင့်လှစ်ဖြေဆိုသွားမည်ဖြစ်ကြောင်း ခရိုင်ပညာရေးမှူးထံမှ သိရသည်။
ရွှေဘိုမြို့စာစစ်ဌာနတွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် ရွှေဘိုခရိုင်အတွင်းရှိ ကျောင်းပေါင်းစုံမှ ကျောင်းသား(၁၉၆)ဦး၊ ကျောင်းသူ (၂၆၆)ဦး စုစုပေါင်း(၄၆၂)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ် ကြောင်း သိရသည်။
စာမေးပွဲဖြေဆိုကြမည့်အဆိုပါ ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ လမ်းညွှန်မှုဖြင့် ဌာနဆိုင်ရာများ၊ လုံခြုံရေးအဖွဲ့များ၊ စာမေးပွဲ ကြီးကြပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများ ကြီးကြပ်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်