သတင်းများ

လိပ်သိုဒေသတွင် ဒူးရင်းပျိုးပင်များ ဈေးကောင်းရရှိ၍ ပျိုးထောင်ရောင်းချသူများ အဆင်ပြေ
Jul 25,2025
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုဒေသရှိ ဒူးရင်းပင်ပျိုးထောင်ထားသူများသည် ယခုနှစ်တွင် ပျိုးပင်ဈေးကောင်းရရှိ၍ ဝင်ငွေကောင်းကာ မိသားစုစားဝတ်နေရေး ဖူလုံလျက်ရှိကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်တွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေး
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်(၁)အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ်(၁)အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။
မိုင်းတုံ၌ အငြိမ်းစားပင်စင်စားများအား UID (ခေါ်) Smart Card များ ပြုလုပ်ပေး
Jul 25,2025
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်ူးနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစာများအား Unique identity ကဒ်များ ပြုလုပ်ပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၁၀နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကလောမြို့၌ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ
Jul 25,2025
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၃၅၀ ဦးစာရင်းရှိပြီ ၁၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
အခြေခံပညာအထက်တန်းကျောင်း (မြို့မ)၌ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ် အခြေခံပညာ အထက်တန်းကျောင်း (မြို့မ) တွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာကော်မတီနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်စကားဝိုင်းနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ဇူလိုင် ၂၃ ရက်နေ့ နံနက် ၁၀ နာရီက အဆိုပါကျောင်း၌ ကျင်းပပြုလုပ်သည်။
အင်းစိန်မြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲကို ဇူလိုင် ၂၃ ရက်နေ့နံနက် ၁၀ နာရီက အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၊ သပြေဆောင်၌ ကျင်းပခဲ့သည်။
သန်လျင်မြို့ အ.ထ.က (၂) ကျောင်း၌ သွားနှင့် ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်နည်းဟောပြော၍ After lunch Tooth Brushing Activity ဆောင်ရွက်
Jul 25,2025
သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာကွန်စတန် (သွားကျန်းမာ) ဦးဆောင်၍ သာကေတသွားနှင့် ခံတွင်းဆေးရုံနှင့် အနောက်ပိုင်းဆေးရုံမှ သွားဆရာဝန်များ၊ သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/ဆရာမများ၊ မြို့နယ်အမျိူးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ၊ ကြက်ခြေနီအသင်းများ ပူးပေါင်း၍ သွားနှင့် ခံတွင်းကျန်းမာရေးနှင့် စနစ်မှန်သွားတိုက်နည်းအကြောင်းဟောပြောပွဲနှင့် လက်တွေ့သရုပ်ပြခြင်းကို ဇူလိုင် ၂၂ ရက်နေ့က အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမ၌ ကျင်းပခဲ့သည်။
နေပြည်တော်ကောင်စီဝင် ဦးမင်းဦး ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေပေးအပ်ပွဲ အခမ်းအနားတက်ရောက်
Jul 25,2025
ပုဗ္ဗသီရိမြို့နယ်အတွင်း ငလျင်ဘေးကြောင့် တစ်စိတ်တစ်ပိုင်း ပျက်စီးနေအိမ်များအတွက် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။