မိုင်းတုံ ဇူလိုင် ၂၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်အောင်ထွန်ူးနှင့် ဝန်ထမ်းများက နိုင်ငံ့ဝန်ထမ်းအငြိမ်းစာများအား Unique identity ကဒ်များ ပြုလုပ်ပေးခြင်းကို ၂၀၂၅ ခုနှစ်၊ ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အငြိမ်းစားပြည်သူများအနေဖြင့် ပင်စင်လစာငွေများ ထုတ်ယူရာတွင် ခေတ်မီနည်းပညာ အသုံးပြုစိစစ်ဆောင်ရွက်နိုင်ရေးအတွက် Centralised e-pension စနစ်နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ထုတ်ပေးထားသည့် e-ID Smart Card စနစ်ကို ချိတ်ဆက်ဆောင်ရွက်ပေးခြင်း၊ e-ID Smart Card ကဒ် မပြုလုပ်ရသေးသည့် အငြိမ်းစားပင်စင်စားများအား Smart Card ကဒ်များ ပြုလုပ်ပေခြင်းများ ဆောင်ရွက်နေမှုကို ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှအေးက ခုလိုဇီဝဆိုင်ရာ အချက်အလက်ကောက်ယူစိစစ်ခြင်းလုပ်ငန်း ဆောင်ရွက်ပေးရခြင်းသည် ပင်စင်စားများ၏ လူမှုစီးပွားရေးဆိုင်ရာကိစ္စရပ်များဆောင်ရွက်ရာတွင် ပိုမိုလွယ်ကူ မြန်ဆန်လာစေရန်၊ မြန်မာနိုင်ငံအတွင်း နေထိုင်သူများကိုစိစစ်နိုင်သည့် တစ်ခုတည်းသောနံပါတ် Unique ID ထုတ်ပေးရန် Online စနစ်ဖြင့် ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်နေသည့် အစိုးရနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများအတွက် မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးနိုင်မည့် အခြေခံစနစ်တည်ဆောက်ရန်အတွက် ရည်ရွယ်၍ ဆောင်ရွက်ခြင်းဖြစ်ကြောင်း အကျယ်တဝန်း ရှင်းလင်းပေးခဲ့ကြောင်း သိရသည်။
ဝင်းဝင်းခိုင်(မြို့နယ်၊ ပြန်/ဆက်)