ကလော ဇူလိုင် ၂၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့၊ မြို့လယ်ဓမ္မာရုံ၌ ယနေ့နံနက် ၁၀ နာရီက ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်)မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ရာ အသင်းသား ၃၅၀ ဦးစာရင်းရှိပြီ ၁၅၅ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ရွှေကလောအထွေထွေရောင်းဝယ်ရေးသမဝါယမအသင်း(လီမီတက်) သဘာပတိ ဦးမြဆောင်က အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိ ဦးညီညီအောင်နှင့် မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်ထွန်းတို့က အသင်း၏လုပ်ဆောင်ချက်များနှင့်ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
ထို့နောက် တွဲဖက်အတွင်းရေးမှူး ဦးသန်းထွန်းက အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ အစီရင်ခံစာဖတ်ကြားခဲ့ပြီးစာရင်းစစ် ဦးမျိုးသိန်းက အသင်းစာရင်းစစ်အစီရင်ခံစာနှင့် နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းကို ဖတ်ကြားရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ သဘာပတိက အသင်း၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အသင်းအမှုဆောင်အဖွဲ့ နှစ်ချုပ်ဘဏ္ဍာရေးစာရင်းရှင်းတမ်းတို့အပေါ် အသင်းသားများ၏ ဆန္ဒသဘောထားရယူ၍ အတည်ပြုကြေငြာပေးခဲ့ပြီး သဘာပတိက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
ကျော်ဝင်း(ကလော)