စဉ့်ကိုင်မြို့နယ်တွင် ဆီဝယ်စာအုပ်တစ်အုပ် စားအုန်းဆီ(၂)ပိဿာနှုန်းဖြင့် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေး

ကျောက်ဆည် ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ပြည်သူများစားသုံးဆီ ဝယ်ယူသုံးစွဲရာတွင် အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်စာအုပ်(၁)အုပ်ပြုလုပ်ပေးထားပြီး ရပ်ကွက်/ကျေးရွာများတွင် အလှည့်ကျစနစ်ဖြင့် ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းအဝယ်ဆိုင်များမှ ယမန်နေ့နံနက်ပိုင်းက ရောင်းချပေးလျက်ရှိကြောင်းနှင့် ဆီဝယ်စာအုပ်(၁)အုပ်လျှင် စားအုန်းဆီ (၂) ပိဿာနှုန်းဖြင့် စားအုန်းဆီ(၂၂၀)ပိဿာ ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချပေးသောစားအုန်းဆီများကို Resources Group Trading Co,Ltd မှ သတ်မှတ်ရည်ညွှန်းဈေး တစ်ပိဿာငွေ(၆၀၃၀)ကျပ်ဖြင့် ဝယ်ယူခဲ့ပြီး ရောင်းဈေး(၁) ပိဿာ(၇၁၁၅)ကျပ်နှုန်းဖြင့် ဆီအရောင်းဆိုင်ဖြစ်သည့်ဦးကျော်ထွန်း(ဒေါ်လာစားသုံးဆီလက်လီလက်ကားရောင်းဝယ်ရေး)ဆိုင်မှ စဉ့်ကိုင်မြို့နယ် ကျောက်မိုင်းကျေးရွာသို့ ရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ သိရသည်။

   စုစုအေး (ကျောက်ဆည်)