သတင်းများ

တိုက်ကြီးမြို့နယ်တွင် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jul 25,2025
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ ၂၀၂၅ ခုနှစ်၊ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့နံနက် ၉ နာရီက ဥက္ကံမြို့၊ ကျွဲပုန်းလေးကျေးရွာ(ဗမာစု)နှင့် ပိန္နဲကုန်းကျေးရွာ ကျေးရွာချင်းဆက်လမ်း၌ ကျင်းပခဲ့သည်။
ဗိုလ်တထောင်မြို့နယ် အမှတ်(၁)ရပ်ကွက် လေပြင်းတိုက်ခတ်မှုဖြစ်ပွား
Jul 25,2025
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်အတွင်း၌ ယမန်နေ့ နံနက် ၇ နာရီ ၅ မိနစ်အချိန်ခန့်က ရုတ်တရက်လေပြင်းတိုက်ခတ်မှုကြောင့် ဗိုလ်တထောင်မြို့နယ် အမှတ်(၁)ရပ်ကွက်ရေနံလိုင်း၊ မြနန္ဒာရိပ်သာအိမ်ရာ၊ မီးပြဝန်းများတွင် လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များလဲခြင်း၊ နေအိမ်ခေါင်မိုးများ လွင့်စင်ခြင်း၊ နေအိမ်လိုင်းခန်း (၅) ခန်းခန့် သစ်ပင်ပိခြင်း ဖြစ်ပွားခဲ့ရာ အိမ်များ ပျက်စီးမှုများဖြစ်ပွားခဲ့ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။
ပိုင်ကျုံမြို့ ပရဟိတမြို့မသာသနပြုကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ကျင်းပ
Jul 25,2025
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ ပရဟိတမြို့မ-သာသနာပြုကျောင်း၌ မြို့ရှိဌာနဆိုင်ရာများတို့မှ စုပေါင်းကာ ဇူလိုင် ၂၄ရက်နေ့က ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ဆောင်ရွက်ခဲ့သည်။
ရွှေဘိုတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသား​ဘောလုံးပြိုင်ပွဲ ဆု​ချီးမြှင့်ပွဲကျင်းပ
Jul 25,2025
​ရွှေဘိုတက္ကသိုလ်၌ ၂ဝ၂၄-၂ဝ၂၅ နှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘာသာရပ်ပေါင်းစုံအမျိုးသား​​ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကိုယမန်နေ့ ည​နေပိုင်းက အဆိုပါတက္ကသိုလ်ရှိ​ဘောလုံး ​အားကစားတွင်ကျင်းပခဲ့ကြောင်း သိရသည်။
စေတုတ္တရာမြို့နယ်၌ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jul 25,2025
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်၌ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကော်မတီ ကြီးမှူး၍ စီမံကိန်းရေးစွဲအကောင်အထည်ဖော်ရေးကောမတီ၏ ပထမ (၃)လပတ်စီမံကိန်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေး​ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
လမ်းမတော်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်
Jul 25,2025
လမ်းမတော်မြို့နယ်၌ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်နှိမ်နင်းရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို ဇူလိုင် ၂၃ ရက်နေ့နံနက်ပိုင်းက ဆောင်ရွက်ကြသည်။ ထိုသို့ဆောင်ရွက်ရာတွင် လမ်းမတော်မြို့နယ်၊ ၁၂ ရပ်ကွက်၊ သရက်တောကျောင်းတိုက်ဝန်းအတွင်းရှိ ဘုန်းကြီးကျောင်း (၆၆) ကျောင်းအား သွေးလွန်တုပ်ကွေးရောဂါကာကွယ်နှိမ်နင်းရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် ပြုလုပ်ခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းလုပ်ငန်းများ ပြုလုပ်ခဲ့ကြသည်။
ခမောက်ကြီးမြို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေး တိုက်ကျွေးခြင်း ဆောင်ရွက်
Jul 25,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့တွင် ကျေးလတ်ကျန်းမာရေးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ၊ ဆရာမများပူးပေါင်း၍ အ.လ.က ယုဇနကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရည်သန့်ရှင်းမှု ကျန်းမာရေးစစ်ဆေးခြင်းနှင့် သံဓာတ်အားဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၉ နာရီက ဆောင်ရွက်လျက်ရှိသည်။
သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ နှင့်အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်
Jul 25,2025
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးအဖွဲ့များ၏ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ မြို့နယ်အတွင်းရှိပြည်သူများ သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့်ရောဂါဖြစ်ပွားမှုမရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများနှင့်အဘိတ်ဆေးခတ်ခြင်းများ ဆောင်ရွက်ခြင်းကို ယမန်နေ့နံနက် ၁၀ နာရီခွဲက ဇေယျဝတီရပ်ကွက်ရှိ နေအိမ်များနှင့်အခြေခံကျောင်းများတွင် အဘိတ်ဆေးခတ်ခြင်းများဆောင်ရွက်ခဲ့ကြောင်းသိရသည်။